သင်တန်းသားများအလုပ်အကိုင်ရရှိရေးနှင့် သက်ဆိုင်ရာ ကုမ္ပဏီများ ကျွမ်းကျင်လုပ်သားရရှိရေးအတွက် အင်တာဗျူးဖြေဆိုခြင်းများပြုလုပ်နိုင်

ရန် သင်တန်းကျောင်းမှ ချိတ်ဆက် စီစဉ်ပေးလျက်ရှိပါသည်။ အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး) သင်တန်းအမှတ်စဉ်(၁၀) တွင် တက်ရောက်နေသော သင်တန်းသားများ အလုပ်အကိုင်ရရှိနိုင်ရန် အတွက်  Desire Auto Works ကားဝပ်ရှော့မှ (၁၇.၁၀.၂၀၂၂)ရက်နေ့တွင် လာရောက်၍ လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေး ဟောပြောခြင်းများပြုလုပ်၍ ဝပ်ရှော့တွင် အလုပ်လုပ်ရန် စိတ်ပါဝင်စား သူများကို အင်တာဗျူးများပြုလုပ်ခဲ့ပါသည်။ 

ယခု ၂၀၂၂ ခုနှစ်တွင် အလုပ်လျှောက်ထားသူ ကျောင်း သား ၃၄ ဦးနှင့် ကျောင်းသူ ၁ ဦး စုစုပေါင်း ၃၅ဦး ဝင်ရောက်အင်တာဗျူးဖြေဆိုခဲ့ရာ ကျောင်းသား ၁၉ဦး၊  ကျောင်းသူ ၁ဦး စုစုပေါင်း ၂၀ ဦး အောင်မြင်ခဲ့ပါသည်။