MGWMainBuilding.jpeg
MGWMainBuilding1.jpeg
MGWMainBuilding2.jpeg
previous arrow
next arrow
Shadow
စက်မှုသင်တန်းကျောင်း(မကွေး)
သမိုင်းအကျဉ်း

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် ကိုရီးယာသမ္မတနိုင်ငံ၏ အထောက်အပံ့ကို Korea International Cooperation Agency – KOICA အဖွဲ့အစည်းက စက်မှုဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ သင်တန်းကျောင်းတည်ဆောက်ရေးဆိုင်ရာ Record of Discussion (ROD)ကို (၂၄.၃.၂၀၁၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

သင်တန်းကျောင်းကို (၁၀.၇.၂၀၁၀)ရက်နေ့တွင် လွှဲပြောင်းလက်ခံခဲ့ပြီး အမှတ်စဉ် (၁)သင်တန်းကို (၁၉.၈.၂၀၁၁)ရက်နေ့၌ ဖွင့်လှစ်ခဲ့ပါသည်။ ကိုးရီးယာပညာရှင် (၄)ဦးအနက် (၁)ဦးမှာ (၁)နှစ်နေထိုင်ပြီး ကျန် (၃)ဦးမှာ (၆)လစီနေထိုင်၍ လမ်းညွှန်ပြသခဲ့ပါသည်။ မြန်မာနည်းပြ (၁၂)ဦးအား Instructor Course (၃)လ နှင့် ရက်သတ္တ(၂)ပတ်ကြာ Administrator Course များအဖြစ် မြန်မာဝန်ထမ်း (၅)ဦးကို ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်းဖွင့်လှစ် သင်ကြားပေးခဲ့ပါသည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)သည် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ မကွေးစက်မှုနယ်မြေတွင် တည်ရှိပါသည်။ သင်တန်းကျောင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ (၃)သန်းနှင့် နိုင်ငံတော်အစိုးရမှ စိုက်ထုတ်ငွေ (၆၀၄၈)ကျပ်သန်းဖြင့် တည်ထောင်ခဲ့ပါသည်။ သင်တန်းကျောင်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသည် (၁)နှစ်သင်တန်းများဖြစ်ပြီး သင်ကြားပေးလျက်ရှိသည့် ဘာသာရပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(1) Automobile Maintenance Course

  • Engine Maintenance Module
  • Automobile Electricity & Electronic Module
  • Transmission & Chassis Module
  • Body Repairing & Painting Module

(2) CAD/CAM Course

 

Update News

  • အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) တွင် NSSA အသိအမှတ်ပြု မော်တော်ယာဉ်စက်ပြင် အဆင့်(၁) စာမေးပွဲကို ၆.၂.၂၀၂၄ မှ ၁၁.၂.၂၀၂၄ ထိ  ပြုလုပ်ခဲ့ပါသည်။ အဆိုပါ စာမေးပွဲတွင် ပြင်ပကားဝပ်ရှော့မှ (၂၄) ဦး နှင့် သင်တန်းသား (၆) ဦး၊ စုစုပေါင်း (၃၀) ဦး ဝင်ရောက် စစ်ဆေးခံခဲ့ရာ ၂၆ဦး အောင်မြင်ခဲ့ပါသည်။ 

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

     

  • အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) ၏ အားကစားပြိုင်ပွဲများကို ၁၉.၁၂..၂၀၂၃ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး ၇.၁.၂၀၂၄ ရက်နေ့တွင် ဆုပေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဘောလုံးပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ လျှပ်စစ်ဌာနမှ ဒုတိယ၊ ဘော်ဒီဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ဘော်လီဘောပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ ဘော်ဒီဌာနမှ ဒုတိယ၊ Chassis ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အင်ဂျင်ဌာနမှ ပထမ၊ Chassis ဌာနမှ ဒုတိယ၊ လျှပ်စစ်ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် CAD/CAM ဌာနမှ ပထမ၊ အင်ဂျင်ဌာနမှ ဒုတိယ၊ Chassis ဌာနမှ တတိယဆုတို့ အသီးသီးရရှိခဲ့ပါသည်။ 

  • ၃၁.၁၂.၂၀၂၃ ညနေတွင် အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)မှ ဝန်ထမ်းမိသားစုများနှင့် သင်တန်းသား/သူများ၏ ၂၀၂၄ နှစ်သစ်ကိုကြိုဆိုသော ညစာစားပွဲကို သင်တန်းကျောင်း၏ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။