အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး) သင်တန်းအမှတ်စဉ်(၁၀)အား (၉.၁၂.၂၀၂၁) ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး (၁၁.၁၁.၂၀၂၂) ရက်နေ့တွင် 

သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ သင်တန်းဆင်းပွဲအခမ်းသို့ စက်မှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင့်လွင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွှန့်၊ မကွေး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး  ဦးအောင်ချိန်၊ စက်မှုဝန်ကြီးဌာန စက်မှုပူး ပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးမင်းသူ၊ အမှတ်(၂) အကြီး စားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသန်းဇော်ဌေး၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန် ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြန်မာ့ ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာအောင်ခိုင်၊ စက်မှုပူး ပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေ၊ စက်မှုပူး ပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးစောမှတ်ကျော်၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဦးဇော်ထွန်း အောင်၊ အမှတ်(၃) တပ်မတော်အကြီးစား စက်ရုံခွဲ (မကွေး)မှ ထုတ်လုပ်ရေးဌာနမှူး ဗိုလ်မှူး ဇင်မင်းမောင်၊ အမှတ်(၅)စက်မှု သင်တန်း ကျောင်း(မကွေး)မှ ကျောင်းအုပ် ကြီး၊ ကျောင်းအုပ်၊ ဌာနမှူးများ၊ နည်းပြ အရာရှိများ၊ သင်တန်းနည်းပြဆရာ/ ဆရာ မများ နှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး စံပြသင်တန်းသားဆု ရရှိသော ITC-1508 မောင်အောင်ပိုင်ဖြိုး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်မှ Automobile Transmission & Chassis ဘာသာရပ်ထူးချွန်ဆုရရှိသော ITC – 1483 မောင်သက်ပိုင်စိုး၊ Automobile Engine Maintenance Chassis ဘာသာရပ် ထူးချွန်ဆုရရှိသော ITC–1489 မောင်ပြည့်စုံထွန်းနှင့် သင်တန်း တက်ရက်မှန်ဆုရရှိသော ITC–1433 မောင်မျိုးသက်ဝေ၊ မကွေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး  ဦးအောင်ချိန်မှ CAD/CAM Course သာသာ ရပ်ထူးချွန်ဆု  ရရှိသော ITC–1545 မနွေးနွေးသက်၊ Automobile Body repair & Painting ဘာသာရပ် ထူးချွန်ဆု ရရှိသော ITC-1508 မောင်အောင်ပိုင်ဖြိုး နှင့် Automobile Electricity & Electronics ဘာသာရပ် ထူးချွန်ဆုရရှိသော ITC- 1531 မအိရတနာကျော်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွှန့် မှ ဌာန အလိုက် သင်တန်းဆင်း Project ထူးချွန်ဆု ရရှိသော သင်တန်းသား/ သင်တန်းသူများ အား ဆုများချီးမြှင့် ပေးအပ်ခဲ့ပါသည်။

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးနိုင်၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူ၊ အမှတ်(၂) အကြီးစားစက်မှု လုပ်ငန်းဦး ဆောင်ညွှန်ကြားရေးမှူး၊ ဦးသန်းဇော်ဌေး၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းဦး ဆောင်ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြား ရေးမှူး ဒေါက်တာအောင်ခိုင်၊ စက်မှုပူး ပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေ တို့မှ သင်တန်းဆင်း အောင်လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ပါသည်။ စုစုပေါင်း သင်တန်း သား/သင်တန်းသူ (၁၃၃)ဦးအား အောင်မြင် စွာမွေးထုတ် ပေးနိုင်ခဲ့ပါသည်။