စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး) ပုံမှန် (၁)နှစ်သင်တန်း သင်တန်းအမှတ်စဉ် (၁၁)ရဲ့ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၈.၅.၂၀၂၃ ရက်နေ့ နေ့လည် (၁၄၀၀)နာရီအချိန်တွင် အမှတ်(၅)စက်မှု သင်တန်းကျောင်း(မကွေး) Auditorium ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားကို စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဖြိုးမြင့်ဆွေ၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးအောင်စိုးဝင်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ မှ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ အမှတ်(၅)စက်မှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ကျောင်အုပ်၊ ဌာနမှူးများ၊ နည်းပြအရာရှိများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းတက်ရောက်မည့် သင်တန်းသား(၁၃၈)ဦး ၊ သင်တန်းသူ(၂၂)ဦး စုစုပေါင်းသင်တန်းသား/သူ (၁၆၀)ဦး တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် သင်တန်းဖွင့်ပွဲတက်ရောက်လာသူများမှ နိုင်ငံတော်အလံအား အလေးပြုပြီး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်မှ သင်တန်းအဖွင့်မိန့်ခွန်းမြွက်ကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဖွင့်ပွဲသို့ တက်ရောက် လာကြသော  ဧည်သည်တော်များနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး၍ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)မှ နေ့လည် ၁၅၀၀ နာရီအချိန်တွင် ပြန်လည်ထွက်ခွာခဲ့ပါသည်။