စက်မှုဝန်ကြီးဌာန၊  စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများ ကြီးကြပ်ရေးဌာန၊ အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)နှင့်  အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်) တို့ပူးပေါင်းစီစဉ်ပြီး တာဝန်ယူဖွင့်လှစ် သည့် စက်ရုံအခြေပြု စက်မှုနှင့် အသက်မွေးပညာရွေ့လျားသင်တန်း

အပတ်စဉ်(၁၂၇) စိုက်ပျိုးရေးသုံးအင်ဂျင်နှင့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းအား ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)ဝန်း အတွင်းတွင် ၂၀၂၃ ခုနှစ် မတ်လ (၁၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ ၁၂-ရက်ကြာ ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။ ၎င်းသင်တန်းသို့ သင်တန်းသား/သူ (၃၀) ဦးတက်ရောက်သင်ကြားခဲ့ ပါသည်။