အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)

စက်မှုနှင့်သက်မွေးပညာရွေ့လျားသင်တန်း

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ သင်တန်းကျောင်းများကြီးကြပ်ရေးဌာန ၏ ကြီးကြပ်မှုအောက်ရှိ အမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး) သည် နိုင်ငံတော ်ဖွံ့ဖြိုး တိုးတက်ရေးတွင် အခြေခံကျသော ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်း၍ စက်မှုနှင့်အသက်မွေး ပညာရွေ့လျားသင်တန်း(ရက်တိုသင်တန်း)များကို ကျေးလက်ဒေသများအရောက် ဖွင့်လှစ်သင်ကြား ပို့ချပေးလျှက်ရှိပါသည်။ သင်ကြားပေးသော ဘာသာရပ်များမှာ- သံဂဟေဆက်သင်တန်း၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း ခြင်း သင်တန်း၊ မော်တော်ဆိုင်ကယ် စက်ပြင်သင်တန်း၊ အခြေခံအိမ်သုံးလျှပ်စစ်ဝါယာရင်း သွယ်တန်းခြင်းသင်တန်းများ ဖြစ်ပါသည်။ ယခုအခါတွင် သင်တန်းသား/သူ (၈၃၃)ဦးအား လေ့ကျင်သင်ကြားပေးပြီးဖြစ်ပါသည်။