News

အခြေခံသံဂဟေဆက်ပညာသင်တန်းဖွင့်လှစ်

အခြေခံသံဂဟေဆက်ပညာသင်တန်းဖွင့်လှစ်

စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊သင်တန်းကျောင်းများ ကြီးကြပ်ရေး ဌာန ကြီးကြပ်မှုအောက်ရှိအမှတ်(၅) စက်မှုသင်တန်းကျောင်း(မကွေး)

၂၀၂၅၂၀၂၆လေ့ကျင့်ရေးနှစ်၊ ကျွမ်းကျင်မှုအခြေပြုကာလတို (၃)လသင်တန်း အမှတ်စဉ်(၂) အခြေခံသံဂဟေဆက်ပညာသင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားအား (၅.၁၁.၂၀၂၅)ရက်နေ့(၀၉:၀၀)နာရီချိန်တွင် အမှတ်(၅)စက်မှုသင်တန်း ကျောင်း(မကွေး) Auditoriumခန်းမ၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူတို့ တက်ရောက်ခဲ့ပါသည်။သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျောင်းအုပ်ကြီး ဦးမိုးမင်းထွဋ်မှ သင်တန်းသား၊သင်တန်းသူများအား သင်တန်းဖွင့်မိန့်ခွန့် မြွတ်ကြားခဲ့ပါသည်။အမှတ်(၅)စက်မှုသင်တန်းကျောင်း(မကွေး)တွင်ကျွမ်းကျင်မှုအခြေပြုကာလတို(၃)လ သင်တန်း အမှတ်စဉ်(၂)အခြေခံသံဂဟေဆက်ပညာသင်တန်းကို သင်တန်းသား(၂၁)ဦးဖြင့် (၅.၁၁.၂၀၂၅ မှ၃၀.၁.၂၀၂၆ ထိ) ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပါသည်။ အခမ်းအနားကို(၁၀:၀၀)ချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။

Related News